လေးမျက်နှာ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦးမှ သင်တန်းပြီးဆုံးပြီဖြစ်သောကြောင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများဖြင့် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ တက်ရောက်လာကြသော သင်တန်းသားများနှင့် သင်တန်းဆရာအား ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ လေးမျက်နှာမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင် တန်းကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ဦး၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းဆရာ ဦးထက်နိုင်မှ သင်တန်းသား (၂၀)ဦးအား ဆိုင်ကယ်အစိတ်အပိုင်း ပြုပြင်နည်းများ၊ ဆိုင်ကယ်တစ်စီးလုံး ပြုပြင်တပ်ဆင်နည်းများကို သင်ကြားပြသပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၇)ရက်နေ့အထိ ရက်ပေါင်း(၂၀)ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများကို အခါအားလျှော်စွာ ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ကျော်ဟိန်း