ဒဂုံမြောက် ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်မြလေးက အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်စေရန်၊ အစုအဖွဲ့လိုက်ပေါင်းသင်းဆက်ဆံ ဆောင်ရွက်တတ်သည့် အလေ့ကျင့်ကောင်းများရ ရှိစေရန်၊ အားကစားကိုငယ်စဉ်ထဲက လေ့လာလိုက်စား တတ်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းနေပျော်ရွှင်စေရန် အတွက်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်အဖွဲ့များခွဲကာ ထုပ်ဆီးတိုးခြင်း၊ မီတာ ၁၀၀ အပြေးပြိုင်စေခြင်း၊ အာလူးကောက်ခြင်း၊ ဘောလုံးကန်ခြင်း စသည်တို့ဖြင့် ကျောင်းသား/ ကျောင်းသူများကို ပါဝင်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)