Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာများ သိသိသာလျော့နည်းလာလျက်ရှိ
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ပိုးတွေ့လူနာများသိသိသာသာ လျော့နည်လာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် ပညာပလီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်အား ကျောက်ခင်းလမ်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစ…
Dec 27,2021
ကရင်ပြည်နယ်၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် ပညာပလီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်အား ကျောက်ခင်းလမ်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၃ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာခိုင်ပြည့် ပြီးစီးပြီးဖြစ်ပါကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ် ပြိုင်ပွဲ ကျင်းပ
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ က ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက် ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါ မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ
Dec 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနသို့ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23519
Page
23520
Page
23521
Page
23522
Current page
23523
Page
23524
Page
23525
Page
23526
Page
23527
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department