ကလေးဝ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ က ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က အဖွင့်အမှာစကားပြောကြား၍ စားပွဲတင်တင်းနစ် ပြိုင်ပွဲကိုအုပ်စုများခွဲ၍ ကျင်းပခဲ့သည်။
သက်ဟန်