အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများ အသုံးပြု၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ခွင့်ပြုတော့မည်မဟုတ်ကြောင်းပါ “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
Mar 20,2022
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များပေါ်နေပြီဖြစ်ရာ မန်ကျည်းသီးမှည့် အငှားဆွတ်ခူး(ပုတ်ခြင်း)သူများနှင့် မန်ကျည်းသီးမှည့် အငှားလိုက် ကောက်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကုလားတဲကျေးရွာ မန်ကျည်းသီး အငှားလိုက်ဆွတ်သည့် ဦးသန်းဆောင်က ပြောကြားသည်။
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိ သော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်း နှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလိုက်လံ နှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်း တစ်လျှောက် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
Mar 20,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသား ကတ်အလွယ်တကူ ကိုင်ဆောင် ခွင့်ရရှိစေရန်ရည်ရွယ်၍
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲခန့်က စာမေးပွဲဖြေဆိုပြီးသည့် ၇ တန်း ကျောင်းသား၊ ကျောင်းသူများကို လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဟောပြောပွဲကျင်းပခဲ့သည်။
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တာရယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့စု့ဖွဲ့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက် နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။