အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စည်ပင်သာယာရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန် မြှင့်ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြခံမူလတန်းကျောင်း မီးသွေးဖုတ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့ပေါ်ရှိ ဝါကြိတ်စက်ဝါသိုလှောင်ခြင်းနှင့် သစ်ခွဲစက်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jan 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်းရှိ ပညာရတနာကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘက်စုံထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်သည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံဆောင်းနှမ်း စိုက်ဧက ၁၂၀ ကို စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Jan 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အခမ်းအနားမှူးဆောင်ရွက်ပုံသင်တန်းကို  ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါရုံးရှိ (Community Centre)ခန်းမဆောင်တွင် ဖွင့်လှစ်ပို့ချ သင်ကြားခဲ့ကြောင်း သိရသည်။
Jan 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် မြို့နယ်သက်ကြီးကန်တော့ခံ စာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် နိုင်ငံတော်အဆင့်စာပေဆုရ စာရေးဆရာများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။