ဘီးလင်းမြို့နယ်၌ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဘီးလင်း ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အဆင့် နည်းပညာအထောက်အကူပြု အဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်သည့် ဘီးလင်းမြို့နယ်၏ MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ဘီးလင်းမြို့နယ်ရှိ ခ-လ-ရ(၈)တပ်တွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ယခု Installation ပြုလုပ်မည့် မဲပေးစက်များမှာ ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များဖြစ်သည့်အတွက် အမှားအယွင်းတစ်စုံတစ်ရာ မပေါ်ပေါက်စေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်း၊ ပြန်လည်အပ်နှံခြင်းတို့တွင် သက်ဆိုင်ရာ လွှတ်တော်အလိုက်၊ စက်နံပါတ်များအလိုက် မှားယွင်းမှုမရှိစေရေး အလေးအနက်ထား ကြီးကြပ်ကြစေလိုပါကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် မဲပေးစက်များအား မြို့နယ်အဆင့် နည်းပညာအထောက်အကူပြုအဖွဲ့နှင့် မြို့နယ် Installation အဖွဲ့တို့က ရွေးကောက်ပွဲ၌ အသုံးပြုကြမည့် MEVM မဲပေးစက်များကို လွှတ်တော်အလိုက် Installation ပြုလုပ်ကြသည်။ အဆိုပါ Installation ပြုလုပ်ခြင်းကို ဘီးလင်းမြို့နယ်မှ installation အဖွဲ့(၃၀)တို့ဖြင့်  သုံးရက်ကြာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/‌ဆက်)