Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ပြပွဲပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲကာလ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံများပေးအပ်
Jan 03,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲရုံများ မီးဘေးလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်လျက်ရှိသည့် မီးသတ်ဝတ်စုံများကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သွားရောက်ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 03,2026
မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြပွဲ၊ ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပြပွဲ၊ ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်း၏ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးအပျော်စီးပွဲတော် ကျင်းပ
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီမှ ကြီးမှူး၍ စက်ဘီးအပျော်စီးပွဲတော်ကို ယနေ့နံနက် (၅)နာရီအချိန်က မိုင်ဒါကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် အ-ထ-က (၁)ကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁)ကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်း၏ ရွေညီလာခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြတ်ရတနာ(ဓမ္မစကူးလ်)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1848
Page
1849
Page
1850
Page
1851
Current page
1852
Page
1853
Page
1854
Page
1855
Page
1856
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department