ပေါင် ဇန်နဝါရီ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ၊ တပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမတွင် တပ်ဆင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဖွဲ့ဝင် ဦးမောင်မောင်မြင့်နှင့်တာန်ရှိသူများက စက်များအား Control Unit ပိုင်း နှင့် Ballot Unit ပိုင်းများ၊ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၅၈) အုပ်စု ရှိသည့်အနက် (၅၄)အုပ်စုတွင် ဖွင့်လှစ်မည့် မဲရုံပေါင်း (၉၀) ရုံတွင် မဲပေးစက် MEVM စက် (၆၇၃) လုံး ဖြန့်ဝေပေးထားပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူပေါင်း (၁၇၂၉၆၂) ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မွန်မလေး(ပြန်/ဆက်)