အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရန်ရည်ရွယ်၍ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၈) နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ စည်းလုံးညီညွတ်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အ​​ခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲရုံတာဝန်ကျထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန် ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်လာရောက် ပေးကြကြောင်း သိရသည်။
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက် (၉) နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံတို့ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲက ကျောက်ဆည်ခရိုင် အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအမျိုးသမီးလွန်ဆွဲပွဲများ ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 03,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် (၉) နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။