သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အ​​ခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ် ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးစိုးမြင့်ဦးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာပေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့သော  ကျောင်းသား/ကျောင်းသူ (၁၅၇) ဦးအား တာဝန်ရှိသူများက ဆုများအသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့ကြ၍၊ ကျောင်းသား/ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဆက်လက်သီဆိုကပြ တင်ဆက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အ​ကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊  အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ​ကြီး/ဆရာမကြီးများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)