ဝေါ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရန်ရည်ရွယ်၍ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၈) နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ စည်းလုံးညီညွတ်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူး ဒေါ်လှကြူမာက ပညာရေး၏ အရေးပါမှု၊ လူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား ပိုမိုကြိုးစားသင်ယူရန်တိုက်တွန်းခဲ့ပြီး၊ ပညာရေးစုံညီပွဲတော်သည် ကျောင်းသား၊ ကျောင်းသူများအတွက် အားပေးမှုဖြစ်စေသည့်အပြင် ပညာရေး တိုးတက်ရေးအတွက် အရေးပါသော အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါပွဲတော်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပညာရေးကဏ္ဍတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)