သဲကုန်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံတည်နေရာများ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ မဲရုံအဖြစ်ကျင်းပပြုလုပ်မည့် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအေးသိုက်နှင့် ကော်မတီအဖွဲ့ဝင်များက ကရင်ကုန်းကျေးရွာအုပ်စု၊ တောင်ကြို့ကုန်းကျေးရွာအုပ်စု၊ ငှက်တော်မြီးကျေးရွာအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာအုပ်စု၊ လက်ပံလုံးလှကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ဇလဲ့ကျေးရွာအုပ်စု၊ လိန်တန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ အုတ်ဆွဲကျေးရွာအုပ်စုများ၌ ကျေးရွာများတွင်ရှိသော သတ်မှတ်မဲရုံတည်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၁၄)ခု / ကျေးရွာ(၃၉) အုပ်စု၊ မဲရုံ(၁၁၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ (လက်ရှိ) (၈၁၄၆၁) ဦးရှိပြီး၊ နိုင်ငံရေးပါတီ(၈)ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)