အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်က ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။        
Jan 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပြန့်ပွား မှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့၊ နံနက်(၁၀)နာရီခွဲ အချိန်က မေတ္တာမြို့၊မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌မန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ပြည်သူများအား Phase-6 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) ထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက Non-Communicable Disease Clinic ဖွင့်လှစ်ခြင်း အစီအစဉ်အဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌  ပညာရေးဝန်ထမ်းများကို မကူးစက်ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ် ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဟိုက်ကျေးရွာ အထကကျောင်း၌ အသိပညာ ပေးဟောပြောပွဲနှင့်စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ တိုင်းရင်းသားဘာသာ စကားဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရပ်ကွက်နှင့် ကျေးရွာ များ၌ အသိပညာပေးနှိုးဆော်ခဲ့သည်။