ဇီးကုန်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ပြည်သူများအား Phase-6 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covishield) ထိုးနှံပေးခြင်းကို အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု (၂၄)အုပ်စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ပြည်သူများအား Phase-6 ပထမအကြိမ် (Covishield) ဆေးကို စတင်ထိုးနှံပေးခြင်းဖြစ်သည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၃၄)အုပ်စုမှ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူ(၁၁၁၉)ဦးအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက လိုအပ်သည်များအား ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)