မေတ္တာ ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပြန့်ပွား မှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့၊ နံနက်(၁၀)နာရီခွဲ အချိန်က မေတ္တာမြို့၊မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဥ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု နိုင်ငံအရအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှုရှိလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ရှားခြင်း၊ အပြင်ထွက်တိုင်း(Mask)ကိုစနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသောစည်းကမ်းများကို ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်တိုက်တွန်း နှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)