Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်များတွင်လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ
May 15,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ အကောင်အထည်ဖော်စိုက်ပျိုး
May 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ယခုမေလ ပထမပတ်မှ စတင်ကာ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ စံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ
May 15,2025
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင်နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးမည်
May 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၃၃၄၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 15,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၂) နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံမြို့၊ ကတ်ဖအုပ်စု၊ နောင်ကုမ်ရွာအနီးရှိ လုပ်ငန်းရှင် ဦးကျမော့၊ ဦးကျဖီး၏ မွေးမြူထားသော ဥစာကြက်နှင့် ငါးမွေးမြူရေးလုပ်ငန်းအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအတွက် နိုင်ငံတော်က ထုတ်ချေးပေးသော ချေးငွေများရရှိအောင် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်ပေးစေလိုကြောင်းမှာကြား၍ ဥစာကြက်ခြံအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း၊ ထို့နောက် ငါးမွေးမြူရေးကန်အား သွားရောက်ကြည့်ရှုရာ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် မိုးကြိုးဘေးနှင့်လေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေပေးအပ်
May 15,2025
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာတွင် မေလ ၁၁ ရက် မွန်းလွဲပိုင်းက မိုးကြိုးဘေးကြောင့်သေဆုံးသူများအတွက် ထောက်ပံ့ငွေနှင့် မေလ ၁၂ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကျေးရွာ(၅)ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ပိုစတာစိုက်ထူပွဲအထိမ်းအမှတ်အခမ်းအနား ကျင်းပ
May 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1800
Page
1801
Page
1802
Page
1803
Current page
1804
Page
1805
Page
1806
Page
1807
Page
1808
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department