Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘိုကလေးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေနှင့်ဆန်ရိက္ခာများပေးအပ်
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သို့ နေရာဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာလာကြသော ပြည်သူ(၉၆)ဦးအား ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ငွေနှင့် ဆန်ရိက္ခာများ ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့၌ ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်၉နာရီက သာယာဝတီမြို့နယ် မြို့မဈေးကြီးအတွင်း၊ အပြင်ဈေးဆိုင်တန်းများသို့ သွားရောက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဈေးရောင်းဈေးဝယ် ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်
May 15,2025
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၁၀)ရပ်ကွက်သို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
May 15,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ မေ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အသံမစဲမဟာဗုဒ္ဓဝင်ရွတ်ဖတ်ပူဇော်ပွဲ၏ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရင်ပြင်တော်မြတ်စွယ်တော်တိုက်၌ ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအသင်းအဖွဲ့များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG မှ Grade - 11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
May 15,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော KG မှ Grade 11အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများအား ယနေ့နံနက်က သက်ဆိုင်ကျောင်းများတွင် ထုတ်ပြန်ထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂ /၂၀၂၅) ဖွင့်လှစ်
May 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ အ.လ.က(ခွဲ)မြို့မကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂ /၂၀၂၅)ဖွင့်ပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာဆန်နှင့် ငွေများပေးအပ်
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားနပ်ရိက္ခာဆန်နှင့် ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ် နွေစပါးစိုက်ခင်းအတွင်း တောင်သူအသိပညာပေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်
May 15,2025
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၃ ရက် နံနက်ပိုင်းက ပူတာအိုမြို့ မတ်ပန်ကွင်း၌ ကျင်းပပြုလုပ်သည့် နွေစပါးစိုက်ခင်းအတွင်း ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ဆီမုန်ညှင်းမျိုးစေ့ အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1796
Page
1797
Page
1798
Page
1799
Current page
1800
Page
1801
Page
1802
Page
1803
Page
1804
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department