Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Jan 03,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် သီရိလင်္ကာနိုင်ငံမှမြတ်ဗုဒ္ဓစွယ်တော်ပွားအား သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ရှိ ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနာ…
Jan 03,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းလာသော သီရိလင်္ကာနိုင်ငံမှ မြတ်ဗုဒ္ဓစွယ်တော်ပွားအား သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတိုက်ရှိ ဓာတ်တော်တိုက်အတွင်းသို့ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံကျောင်းဆောင်၌ကျင်းပခဲ့ရာ အခမ်းအနားသို့ လားရှိုးမြို့ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအန…
Jan 03,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်၌ ပညာရေးစုံညီပွဲတော် အောင်မြင်စွာကျင်းပ
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရန်ရည်ရွယ်၍ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၈) နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ စည်းလုံးညီညွတ်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး
Jan 03,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲရုံတာဝန်ကျထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန် ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်လာရောက် ပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 03,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကာယဉာဏထူးချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1780
Page
1781
Page
1782
Page
1783
Current page
1784
Page
1785
Page
1786
Page
1787
Page
1788
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department