အမြို့မြို့အနယ်နယ်သတင်းများ

May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့က လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုရှိ တပ်ဦးမင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 15,2025
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
May 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် KG မှ Grade – 11 အထိ ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။
May 15,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅)ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ရှေ့ပန်းခြံ၊ မြေနီလမ်းတလျှောက်နှင့် ကြိုဆိုပါ၏တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာကြောင်း သိရသည်။
May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အမျိုးသမီးရေးရာအဖွဲ့၊ စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ‌ချစ်နိုင် (စိတ်ပညာ) ရေးသားသော ဘဝပန်းတိုင်စာအုပ်ဖြင့် ယ‌နေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။
May 15,2025
မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပေါင်း ၉၀၀၀၀ ပင်ကို မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးကိုကိုမောင်ထံက သိရသည်။