သာယာဝတီမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သာယာဝတီ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲ၊ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံက်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်သူဇာလှိုင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အဓိပ္ပါယ်များ၊ လူငယ်လူရွယ်များအနေဖြင့် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့်နေ့ထူနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် သုတ/ရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သာယာဝတီမြို့၊ ဆရာစံမြို့သစ် အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူများက "လွတ်လပ်ရေးနေ့” ခေါင်းစဉ်ဖြင့် ဥာဏ်စမ်းပဟေဋိပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

ခရိုင် (ပြန်/ဆက်)