ဘားအံတက္ကသိုလ်တွင် ဆောင်းရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ

ဘားအံ  ဒီဇင်ဘာ  ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံအမျိုးသား ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ယမန်နေ့က ဘားအံတက္ကသိုလ်မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ဆောင်းရာသီပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံအမျိုးသားအဖွဲ့(၅)ဖွဲ့၊ အားကစားသမား စုစုပေါင်း(၂၅)ဦးဖြင့် ဒီဇင်ဘာလ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)