အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်းချယ်ရီ ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို   ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါဘုရား အာရုံခံစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 14,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး  ယနေ့နံနက် ၉နာရီက ကလိန်အောင်မြို့အဝင်/အထွက် တံတားထိပ်ဆေးစစ်ရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါချက်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များခံစားခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (ပဉ္စမအကြိမ်မြောက်) ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ကျင်းပခဲ့သည်။
Jun 14,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့ ​နံနက် ၉ နာရီအချိန်မှ ၁၀:၄၅ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊​ မော်ကွန်းတိုက်လမ်းရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်း​ကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ​ ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ​ကျောင်းသား ၅၂ ဦး၊​ ကျောင်းသူ ၅၉ ဦး၊ စုစု​ပေါင်း ၁၁၁ ဦးတို့အား ထိုးနှံ​ပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၁၁၁ ဦးအတွက် ဆေးအလုံးရေ ၂၂.၂ လုံးအား ထိုးနှံ​ပေးခဲ့သည်။