ဖလမ်း ဇွန် ၁၄
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်းချယ်ရီ ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည်အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းနှင့်အမှတ်(၃) အခြေခံပညာ မူလတန်းလွန် ကျောင်းတို့တွင်ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာ ယာလှပရေးဆောင်ရွက်ထား မှုနှင့်ကျောင်းသားသူများ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရန် အားကစားကွင်းငယ်ဆောင်ရွက်ထားရှိမှု များကိုကြည့်ရှု စစ်ဆေးပြီး ကျောင်းအုပ်ကြီးများ၊အတန်းပိုင်ဆရာ/မများနှင့်ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေး၍ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ဖလမ်းမြို့တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ်ကျောင်းဖွင့်ချိန်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ကျောင်းဝန်းကျင်လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးမှုတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးခင်မောင်ညီ၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီးဝင်းဇော်လတ်၊ ခရိုင်ပညာရေးမှူးဦးခေါဂေကီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကိုရှိန်း