လပွတ္တာ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားရာတွင် လပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ ကျူးကျော်နေရာများ၊ လယ်ယာမြေကျူးကျော်နေရာများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး၊ ခရိုင်ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ၊ လပွတ္တာခရိုင်အတွင်း စက်သုံးဆီ တရားမဝင် သိုလှောင်မှုအပေါ် စစ်ဆေးမှုအခြေအနေများ၊ စိုက်ဘဏ်ချေးငွေကိစ္စများ၊ မြို့နယ်ကျေးရွာအုပ်စုအလိုက် စိုက်ဘဏ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိမှု၊ EXM BANK ချေးငွေကြွေးကျန် စာရင်းတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီး ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)