အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2025
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် ပေါင်မြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း (၂) တွင်ပါဝင်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEV)များ INSTALLATIONတပ်ဆင် အသုံးပြုခြင်းများကို ယနေ့နံနက်ပိုင်းကဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဒေးဒရဲမြို့နယ်အတွင်းမှ မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ယနေ့နံနက် (၁) နာရီ (၃၀) အချိန်ခန့်က မအူပင်ခရိုင်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သီရိအဏ္ဏဝါခန်းမတွင် လက်ခံရယူခဲ့ကြောင်း သိရသည်။
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ များကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က အ-ထ-က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 31,2025
မဟာအောင်မြေမြို့နယ်၊ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။