ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် လှည်းကူးမြို့နယ် စစ်ပင်မြောက်ကျေးရွာတွင် ချောင်းအနီး မြေနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်

လှည်းကူး ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ကျေးရွာတွင် ယမန်နေ့ညပိုင်းက ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် ချောင်းအနီး မြေနိမ့်ပိုင်းရှိနေအိမ် (၇)လုံးခန့် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်မြုပ်မှု ဖြစ်ပွားရာနေရာသို့ လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရေနစ်မြုပ်သည့် နေအိမ်များမှ မိသားစုဝင်များနှင့် အရေးကြီး ပစ္စည်းများကို ရေလွတ်ရာ ၎င်းတို့၏ ဆွေမျိုးနေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး အဆိုပါ ရေနစ်မြုပ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)