အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်‌စေရေး အတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ် နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့ကစတင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဆီကုန်သည်ကြီးများအသင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် စားအုံဆီများအား ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jul 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံပေးရာတွင် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဆက်လက် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီက ​မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Jul 22,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူပြီး မုံရွာမြို့ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင်စေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သပ်ရပ်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ချနိုင်စေရန်အတွက် ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး လုပ်ငန်းများကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံက သိရသည်။
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်တွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 22,2022
၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေး (ပုသိမ်ခရိုင်အဆင့်) အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပရန်အတွက် ဝတ်စုံ ပြည့်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ပုသိမ်မြို့၊ အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။