အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2022
မြိတ်တက္ကသိုလ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး တက်ရောက်ခဲ့ပြီး တက္ကသိုလ်အနုပညာအသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 22,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် (သံဒင်း)အခြေခံပညာမူတန်းလွန်ကျောင်းရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် (GIS)နည်းပညာအသုံးပြု၍ ရပ်ကွက်/ ကျေးရွာ တည်နေရာ (Point )များ ကောက်ယူမည့်အကြောင်း ရှင်းလင်းတင်ပြခြင်းကို
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန(Community- Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှေ့ ပုဂံလမ်းမကြီးပေါ်တွင်    သစ်ပင်တစ်ပင်  လဲကျနေခြင်းအား မြို့နယ် စည်ပင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ဖယ်ရှား ရှင်းလင်းပေးကြောင်း သတင်းရရှိသည်။
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2022
မိတ်ဆက်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်ဥမ္မာစမ်းက တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ Power Point အသုံး ပြုရှင်းလင်းပြောကြားသည်။
Jul 22,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ​​ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။