အမြို့မြို့အနယ်နယ်သတင်းများ

Jul 23,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်တစေရန် ရည်ရွယ်၍ အားကစာနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်လွဲပိုင်းတွင် ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jul 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် (၅)နှစ်နှင့်အထက် ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေ ရန်နှင့် စိတ်‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန် ရည်ရွယ်၍ အ.ထ.က နောင်ဘိုကြီးကျောင်း၌ ဒုတိယအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 23,2022
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)၌ ဖွင့်လှစ်ခဲ့သော ကွန်ပျူတာ(အခြေခံ) ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 23,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဗိုလ်မှူး မင်းကျော်သူ၊ ဦးဝင်းအောင်နှင့် ရဲမှူး မိုးကျော်သူတို့လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၁)နာရီက လယ်ဝေး မြို့နယ် ကူသပိတ်ကျေးရွာတွင် မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jul 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဖလား (၃)ခရိုင်စစ်တုရင် ပြိုင်ပွဲကို ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Jul 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ကျောင်းတွင် အားကစားနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရွှေဝါထွန်း  ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Jul 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းကဈေးအတွင်း၊  မြို့မဈေးလမ်းဆုံနှင့် လူစည်ကာရာနေရာများ၌  ဆောင်ရွက်ခဲ့သည်။