Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ
May 19,2025
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၁)နှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်
May 19,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲကို မေ ၁၉ ရက်နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အ.ထ.က(၁)ကန့်ဘလူ ကျောင်းရှေ့နှင့် မြို့တော်ခန်းမရှေ့တို့၌ တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွ…
May 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်း၍ဓာတ် အားပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးထားသောဓာတ်အားလိုင်းများ တစ်လျှောက်ကွင်းဆင်း စစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ (၂၈)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ
May 19,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ ရွှေမောင်း သာသနဝေပုလ္လသီလရှင် စာသင်တိုက်၏ (၂၈)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် လှူဒါန်းရေစက်ချပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ အခမ်းအနား ကျင်းပ
May 19,2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းပေါ် အ.ထ.က (၁)နှင့် အ.ထ.က (၉)ကြားတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အတီးအမှုတ်အဖွဲ့များ၊ ကင်းထောက်လူငယ် များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ
May 19,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေး အားလုံးစဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က စစ်ကိုင်း-မန္တလေးလမ်းမပေါ် မှန်တန်းရပ်၊နန်းတော်ရာစံပြစျေးအနီး တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၉ ရက် နံနက်က စတင်ထုတ်ချေးရာ၊ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာတို့က တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန် အမှာစကား ပြောကြားပြီး၊ ကျီးအိုင်ကျေးရွာအုပ်စုမှ တောင်သူ(၁၂၄)ဦး၏ စိုက်ပျိုးဧက (၆၉၂)ဧကသို့ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၁,၀၃၈)သိန်း စတင်ထုတ်ချေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိနေ
May 19,2025
ပင်လယ်ရေငန်ဒေသများနှင့် ဒီရေတောဒေသများတွင် စိုက်ပျိုးပေါက်ရောက်လေ့ရှိသည် ဓနိပင်များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ဘက်တစ်လျှောက် ပေါများစွာ စိုက်ပျိုးပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့ မိုးရာသီအစ မိုးကြိုကာလ၌ ဘိုကလေးဒေသထွက် ဓနိများဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1661
Page
1662
Page
1663
Page
1664
Current page
1665
Page
1666
Page
1667
Page
1668
Page
1669
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department