Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ
May 19,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေး အားလုံးစဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က စစ်ကိုင်း-မန္တလေးလမ်းမပေါ် မှန်တန်းရပ်၊နန်းတော်ရာစံပြစျေးအနီး တွင် စုပေါင်းစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၉ ရက် နံနက်က စတင်ထုတ်ချေးရာ၊ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာတို့က တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန် အမှာစကား ပြောကြားပြီး၊ ကျီးအိုင်ကျေးရွာအုပ်စုမှ တောင်သူ(၁၂၄)ဦး၏ စိုက်ပျိုးဧက (၆၉၂)ဧကသို့ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၁,၀၃၈)သိန်း စတင်ထုတ်ချေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိနေ
May 19,2025
ပင်လယ်ရေငန်ဒေသများနှင့် ဒီရေတောဒေသများတွင် စိုက်ပျိုးပေါက်ရောက်လေ့ရှိသည် ဓနိပင်များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ဘက်တစ်လျှောက် ပေါများစွာ စိုက်ပျိုးပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့ မိုးရာသီအစ မိုးကြိုကာလ၌ ဘိုကလေးဒေသထွက် ဓနိများဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
May 19,2025
ကော့သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်း၊ မဟော်ဂနီခန်းမဆောင်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းမြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ၊ ဆရာ အသင်း အဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မတွင် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးဧက ငါးသောင်းကျော်အတွက် စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးသွားမည်
May 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့ နံနက်မှစကာ ဇုက္ကနိ ကျေးရွာရှိ တောင်သူလယ်သမားများအား စတင်ထုတ်ချေးပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)ဆွေးနွေးပွဲ ပြုလုပ်
May 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ) ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ မေလ (၁၈)ရက်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
May 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက (၅၄) လမ်းတိုရှိ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၅၅) လမ်းရှိ မာဃလုင်ဆွမ်းလောင်းဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ
May 19,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 အထိ ကျောင်းသား၊ကျောင်းသူများ၏ အောင်စာရင်း နေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1659
Page
1660
Page
1661
Page
1662
Current page
1663
Page
1664
Page
1665
Page
1666
Page
1667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department