ဇီးကုန်း ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် တိုင်းရင်းသားပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ပြည်သူများ ဆန္ဒမဲပေးကြရန် " မဲပေးကြစို့တို့နှိုးဆော် " "တို့အတူမဲပေးကြမည်" " ပြည်သူ့တာဝန်ကျေပါစေ" "ဆန္ဒမဲပေးကြပါ၊" စသည့်မဲပေးခြင်း အသိပေးနှိုးဆော်သီချင်းများကို အသံချဲ့စက်ဖြင့်လူစည်ကားရာ မြိုမစျေးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအထိ လှည့်လည်ဆော်ဩခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)