မုဒုံ ဇန်နဝါရီ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တာပသွန်ကျေးရွာရှိ ဥယျာဥ်ခြံလုပ်သားများအား လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် (၁၈)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းရှိသူများအား ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက် မရောနှင့် မုဒုံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျေးရွာနဥယာဉ်ခြံလုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးခြင်းအတွက် မိတ္တူထုတ်ပေးခြင်းလုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေး၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် မော်လမြိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးတို့က ပြည်သူများထံလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ရာမည