မုံရွာ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာမြို့နယ် စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်းပြီး (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ မဥ္ဇူသက (မုံရွာ)၏ နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်း (၂) ဦးညွတ်ပါရစေ မြင့်မိုရ်မေမေနှင့် အခြားဆောင်းပါများအပြင် ဆောင်းပါစာအုပ်ပါ အကြာင်းအရာများကို စာရေးသူကိုယ်တိုင် ဦးဆောင်ပြီး ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင်ခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များက စာရေးသူ၏ ဘဝအတွေ့အကြုံများနှင့် လူမှုဘဝ ယဉ်ကျေးလိမ္မာကောင်းမွန်စွာ သွားလာနေထိုင် ပေါင်းသင်းဆက်ဆံရေးတို့အတွက် ပြုမူကျင့်ကြံဖို့ အလေးထားကာ ဆောင်ရန်ရှောင်ရန်များနှင့် အသိပညာ ဗဟုသုတများစွာ ပါဝင်သော စာပေများကိုဖတ်ရှု့ပြီး ဘဝအတွက် အကျိုးရှိရှိ အသုံးချနိုင်ရေး အပြန်အလှန် အသီးသီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီးနောက် စာရေးဆရာမ မဥ္ဇူသက (မုံရွာ)မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၂ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံသို့ တက်ေရာက်ခဲ့ကြသော မုံရွာမြို့နယ်စာရေးဆရာအသင်း ညီလာခံကိုယ်စားများဖြစ်ကြသော စာရေးဆရာ နေမင်သန်းနှင့် စာရေးဆရာ ရွှေရည်စိုးတို့က ၎င်းတို့၏ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူ ဦးထွန်းအောင်ကျော်မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနက်မှ အသက်အရွယ်ကြီးသူ စာရေးဆရာတစ်ဦး၊ အသက်အရွယ်အငယ်ဆုံးသူ စာရေးဆရာတစ်ဦးနှင့် အဝေးဆုံမှ တက်ရောက်လာသော စာရေးဆရာတစ်ဦးတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများ၏ သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ အပတ်စဉ် သုတရသစာပေများကို စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ (၆၄)ကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်နိုင်ခဲ့ကြောင်းနှင့် စာသံပေသံများကိုလည်း စိတ်ပါဝင်စားသူများ လာရောက်ဆွေးနွေးနိုင်ပါကြောင်းနှင့် မိမိတို့ ခရိုင်ပြည်သူ့ စာကြည့်တိုက်မှာရှိတဲ့ သုတရသစာအုပ်စာပေများကိုလည်း အရုပ်အလတ်အမြတ်မရွေး လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တာဝန်ရှိသူက ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)