ခန္တီး ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံ တပ်မတော်သားများနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်းကာ မြို့မ ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းရှေ့ရှိ ကျွန်းစိုက်ခင်းအတွင်း ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပင်ပွားပင်များ ကိုင်းခွဲများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များက ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေ့နေ့တိုင်း ပြုလုပ်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)