အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး (ဒုတိယ)အကြိမ် ထိုးနှံရန် ကျန်ရှိနေသော ရဟန်း၊ သံဃာ၊ ပြည်သူများကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ကြံခင်း မြို့နယ် ရေနံတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က ရေတာရှည်မြို့ရှိ စည်ပင်သာယာစျေးတွင် စျေး​ရောင်း၊ စျေးဝယ်များအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့(တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်တို့ ကြီးကြပ်၍ ကျောက်ချောလမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.လ.က(ခွဲ) ပဲကြီးခုံ၊ အ.မ.က(မူလွန်) တဲကြီးကုန်းကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဟိုင်းကြီးကျွန်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့အထွက်တိုးစခန်းဂိတ်နေရာ၌ ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဆက်လက် ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ ဥယျာဉ်တန်းလမ်းနှင့် ဘောလုံးကွင်းလမ်း ထောင့်နေရာမှ ရောင်းချပေးနေလျက်ရှိသည်။