ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး

ရေတာရှည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က ရေတာရှည်မြို့ရှိ စည်ပင်သာယာစျေးတွင် စျေး​ရောင်း၊ စျေးဝယ်များအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက  အား​ပေးကြည့်ရှုခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းတို့က ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ လိုအပ်သည်များ ကူညီအားဖြည့် ဆောင်ရွက်ခဲ့သည်။   

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ကာကွယ်ဆေးထိုးနှံပြီး ()လနှင့်အထက် ရှိသူများအား ဆေးထိုးနှံပြီး​ကြောင်း ထုတ်​ပေးထားသည့် ဆေးထိုးလက်မှတ်များ ယူ​ဆောင်လာ​စေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ထိုးနှံပေးလျက်ရှိကြောင်းနှင့် ရေတာရှည်မြို့ရှိ စည်ပင်သာယာစျေးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများအား ()ရက်ဆက်တိုက် ဆက်လက်ထိုးနှံ​ပေးမည်ဖြစ်ပြီး ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း နေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)