လပွတ္တာမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရှေ့/နောက် ရောင်ပြန်စတစ်ကာများကွင်းဆင်းကပ်ပေး

လပွတ္တာ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် အတွင်းရှိ အနှေးယာဉ်လုပ်သားများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတစ်ကာများ ကွင်းဆင်းကပ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးနှင့် တာဝန်ရှိသူ များမှ အမှတ်(၆)ရပ်ကွက်ရှိ​ရွေနဒီရေပေါ်စျေးနှင့် လူစည်ကားရာလမ်းမကြီး တစ်လျှောက်တွင်ရှိသော အနှေးယာဉ်ဂိတ်များမှ အနှေးယာဉ်များအား ရှေ့/နောက် ရောင်ပြန်စတစ်ကာနမူနာများ ကွင်းဆင်းကပ်ပေးခဲ့ ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)