ကန့်ဘလူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာပေဝါသနာရှင်များနှင့် ဆုကိုယ်ပိုင်အထက်တန်းသင်ကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာ မြင်းခြံကျော်အောင် () သန်းထက်စံ၏ ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် စာအုပ်မှ မအောင်မြင်လို့မဖြစ်ဘူးဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဌာန၏လုပ်ဆောင်ချက်များကို ပြောကြားပြီး စာဖတ်ဝိုင်းအစီအစဉ်ကို ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာလိုစိတ်များ ပိုမိုများပြားလာစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက မအောင်မြင့်လို့မဖြစ်ဘူး ဆောင်းပါးမှ ဘဝမှာ အဓိကရည်မှန်းချက်ထားရှိဖို့၊ ရည်မှန်းချက် ပန်းတိုင်ကို သွားရာမှာ ပြင်းပြသည့်စိတ်ဆန္ဒရှိဖို့နှင့် တန်ရာတန်ဖိုးပေးဆပ်ရပုံများ၊ ယာယီရှုံးနိမ့် မှုတွေကို ခံနိုင်ရည်ရှိဖို့၊ ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်အလုပ်ကို တန်ဖိုးထားတတ်ဖို့၊ ကိုယ့်အစွမ်း အစတွေ ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြဖို့၊ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာသမား ကောင်းတွေကို ရှာဖွေပေါင်းသင်းဖို့၊ ဘယ်အလုပ်ကိုဘဲ လုပ်လုပ်အား ထုတ်ခြင်း၊ လုံ့လဝီရိယ ရှိသူများသည် မည်သို့သောကိစ္စမျိုးကိုမဆို မအောင်မြင်မပြီးစီးဘဲရှိပြီး ပြီးစီးအောင်မြင် နိုင်ပုံ များကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာပေဝါသနာရှင်များ၊ ဆရာဆရာမများနှင့် Grade- 10 ကျောင်းသားကျောင်းသူ ၂၅ ဦး တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)