ပေါင်းတည် စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စာပေ ချစ်မြတ်နိုးသူအသင်းBook Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့ နံနက်၁၁နာရီအချိန်က စာရေးဆရာ ညီညီနိုင်ရေးသားထားသည့် ပညာနှင့်ဘဝ အောင်မြင်ရေး လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် လူငယ်များ၊ ကျောင်းသားကျောင်းသူလေးများ စာဖတ်သည့် အလေ့ အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွါးရရှိပြီး အမှား အမှန်ဝေဖန် ပိုင်းခြားနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်းပြောကြားသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက ပညာနှင့်ဘဝ အောင်မြင်ရေးလမ်းညွှန်စာအုပ်ပါ အချိန်ကို စီမံခန့်ခွဲခြင်းနည်း ပညာစာစုတွင် အချိန်သည်ရွှေထက် အဖိုးတန်ပြီး စိန်ထက် ရှားပါးပုံ၊နားထောင်ခြင်းနှင့်မှတ် စုရေးခြင်းစာစု တွင်ကြားခြင်းနှင့်နားထောင်ခြင်းကွဲပြားပုံ၊ ပိုမိုထိရောက်သော စာဖတ်ခြင်းစာစုတွင် စာဖတ်နှုန်းမြှင့် တင်ရေးနည်းလမ်းများစသည့် စာစုများပါအကြောင်းအရာများကိုဖတ်ရှု ဆွေးနွေးကြပြီး ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)