ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိလာစေရန်နှင့်ကာကွယ်ထိန်းချုပ်နိုင်ရန် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှု ဆောင်ရွက်

ဘုတ်ပြင်း  စက်တင်ဘာလ   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနေ ပြည်သူ များခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် Mask Campaign အသိပညာပေးလှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် Volunteer အဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များတွင် အဖွဲ့(၇)ဖွဲ့ကာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့လှည့်လည်ကာ Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး မြို့မဈေးလမ်းဆုံတွင် Mask များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှုပြန်လည် ဖြစ်ပွားလာပြီးဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန် ပြည်သူများအိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ကာကွယ် အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

မြို့နယ်