Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငါးသိုင်းချောင်းမြို့၌ ပလတ်စတစ်အိတ် သုံးစွဲနေမှုများအား လိုက်လံစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Sep 18,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ထားရာ ပလတ်စတစ်အိတ်သုံးစွဲမှု ရှိ/မရှိကို ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်း၌ လိုက်လံစစ်ဆေးခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံသို့ မကွေးစက်မှုလက်မှု သိပ္ပံမှကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ မကွေးအစိုးရ စက်မှုလက်မှုသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများကြီးကြပ်သူ ဆရာ၊ ဆရာမများ ယမန်နေ့ နံနက် ၉ နာရီအချိန်က လာရောက်လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ပြည်သူများအားစျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရန်ရောင်းချ
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏လမ်းညွှန်ချက်အရ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးစျေးအနီးရှိ ဥပဒေရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ
Sep 18,2022
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်က ခေါ်ဝုန်လေးဆန်းရပ်ကွက်ရှိ ချင်းရွှေပြည်ခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်းဆောင်ရွက်
Sep 18,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်( ၂.၀၀၀) သန်းဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ မဟူရာလမ်း BOX Culvert ပြုလုပ်ခြင်း များကို စက်တင်ဘာပထမပက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်၏တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး မိုးစပါးဧက(၁၀၀) စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း
Sep 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထားရှိသော တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)စံပြကွက် မိုးစပါး စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်
Sep 18,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကိုအခြေခံ၍ လူငယ်များ အားကစားကို ပိုမိုစိတ်၀င်စားလာပြီး စိတ်ဓါတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊လူငယ်များအားကစားကို စိတ်ပါ၀င် စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားစေနိုင်ရန်နှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ကျင်းပခဲ့သော မြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက ပူတာအို ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပလင်းကမ်းသာယာ ဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၄၇၀)ကြိမ်ရှိလာ
Sep 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15962
Page
15963
Page
15964
Page
15965
Current page
15966
Page
15967
Page
15968
Page
15969
Page
15970
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department