မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟင်္သာတ အောက်တိုဘာ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ် စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းစိစစ် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာလကုန်အထိ ဆောင်ရွက်ထားရှိမှုများကိုတင်ပြရာ -

၁။      လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ

(က)    သေဆုံး၊ ပြောင်းထွက် (၂)ကြိမ်ထပ်၊ (၃)ကြိမ်ထပ်မှ လျော့သည့်ဦးရေ (၈၂၆)ဦး

(ခ)     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းထားသည့် လူဦးရေ (၂၄၂၁)ဦး

၂။       အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ချက်အရ

          (က)    မြေပြင်ထပ်တိုး (ပုံစံ ၆၆/၆)ရှိသူ (၅၉၄၄)ဦး

          (ခ)     မြေပြင်တွင် လျော့နည်းသည့်ဦးရေ (ပုံစံ ၆၆/၆)ရှိသူ (၈၀၀၂)ဦး

မဲရုံတည်နေရာနှင့် မဲရုံ (၁၁၁၅)လျာထားသတ်မှတ်မှုနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်များကို တင်ပြဆွေးနွေးပါသည်။

ထို့နောက်အစည်းအဝေး တက်ရောက်လာသော တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ဦးအောင်လွင်ဦးတို့က ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)