ပန်းတနော် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မှီ မီးငြိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၄ နာရီက River View ပေါ်တွင် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် နွေရာသီပူပြင်သောခြောက်သွေ့ကာလ ရောက်ရှိလာသဖြင့် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကျွမ်းကျင်ပိုင်နိုင်စွာ အချိန်မှီမီးငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ပန်းရွှေဝါပန်းခြံရှေ့ River View ပေါ်တွင် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအရောက် မီးအသုံးပြုရာတွင် ပေါ့ဆမှုမဖြစ်ပေါ်စေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများအား လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)