အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်  နမီကျေးရွာ ဘုန်းတော်ကြီး ကျောင်းဇရပ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို  ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ (နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများ ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့်ကျေးရွာများ အရောက်ကွင်း ဆင်းကြည့်ရှုခဲ့သည်။
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် မသန်စွမ်းသူများဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီနှင့်မြို့နယ် အတွင်းရှိဆန် စက်လုပ်ငန်းရှင်(၂၉)ဦးတို့ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပြည်အေးခန်းမ၌ တွေ့ဆုံကြသည်။
Dec 07,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းတွင် မြမာလာကျေးရွာ ဘုန်းတော်ကြီး ကျောင်း(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် နှစ်ကိုင်းကျေးရွာ ရွာလယ်ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ၂/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ် ဦးစီးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပသည်။
Dec 07,2022
မိုင်းလုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။