လှည်းကူးမြို့နယ်တွင်မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

လှည်းကူး ဒီဇင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် မသန်စွမ်းသူများဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ() နာရီက ကျင်းပပြုလုပ်သည်။ အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့၊ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်တို့က မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများနှင့် ဆက်ဆံရမည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)