Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူအတွက် ကယ်ဆယ်ရေး ထောက်ပံ့ငွေပေးအပ်
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မရမ်းကျေးရွာအုပ်စု၊ တောင်ပို့ကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော မိုးရွာသွန်းပြီး မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်၏ သုံးလပတ် TB လချုပ်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ
Dec 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်၏သုံးလပတ် TB လချုပ်လုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံးကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင် ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထုံးကြီးဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ပြွန် (၉) လုံးအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်
Dec 07,2022
စိုက်ပျိုးသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းများပြုပြင်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ၊ ရေတံခါးများအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ထုံးကြီးဆည် ရေသောက်စနစ်ဖြင့် စိုက်ပျိုး ရေများပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ရေပြွန် (၉) လုံးအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးသဖြင့် ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၃၄၈) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ် ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့် ကျား/မရေးရာ အကြမ်းဖက်မှုဆိုင်ရာအသိ ပညာပေးသင်တန်းဖွင့်ပ…
Dec 07,2022
လင်းခေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့် ကျား/မရေးရာ အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေး
Dec 07,2022
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၅)မှ (၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၇) ရပ်ကွက်ရှိ ကလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြော
Dec 07,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက် နေ့လယ်၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14525
Page
14526
Page
14527
Page
14528
Current page
14529
Page
14530
Page
14531
Page
14532
Page
14533
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department