မိုးမိတ် ဒီဇင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် နမီကျေးရွာ ဘုန်းတော်ကြီး ကျောင်းဇရပ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသော ဒေသခံပြည်သူများအား နှာခေါင်းစည်း(mask)များ ဖြန့်ဝေခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဖြစ်သော ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ တံတားများနှင့် ဆည်မြောင်းများ ပြုပြင်ဆောင်ရွက်ရသည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဟောပြောခြင်းများ၊ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ မိမိတို့ဌာနအလိုက် လုပ်ငန်ဆောင်ရွက်ချက်များကို ရှင်းလင်းကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)