Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Dec 08,2022
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမှာ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍတို့မှာ သာမက နည်းပညာ၊ သက်မွေးပညာကဏ္ဍမှာလည်း ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊ သင်ယူမှုအခွင့်အလမ်းများ၊ ကျွမ်းကျင်မှုအရည်အသွေး အဆင့်မြှင့်တင်ခြင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာရာ၀န်ကြီး ဦးမျိုးအောင်နှင့် အဖွဲ့၀င်များသည် ဆရာ/ရောမများ၊ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်တန်းကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအထောက်အကူပြုစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးမှု ယနေ့အထိ စုစုပေါင်း ၃၈၄၂.၅ ဧက စိုက်ပျိုးပြီးစီး
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံရေး အထောက် အကူဖြစ်စေရန်အတွက်၊ ဆီထွက်သီးနှံဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိရာ တစ်မြို့နယ်လုံး စိုက်ဧက (၁၂၃၄၇) ဧကလျာထားသည့်အနက်၊ ယနေ့အချိန်ထိ ပုံမှန်စိုက်ပျိုးသည့် ဒေသများမှ (၂၉၂၅) ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စမ်းသပ်စိုက်ပျိုးသည့် ကျေးရွာများမှ (၉၁၇.၅) ဧက စိုက်ပျိုးထားရှိရာ၊ စုစုပေါင်း (၃၈၄၂.၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများပြုလုပ်
Dec 08,2022
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြသထားရှိခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်
Dec 08,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စက်ဘီးစီးနင်းပွဲ ပြုလုပ်မည်
Dec 08,2022
ရှမ်းပြည်နယ်၊ အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းခြင်းကို ဒီဇင်ဘာ(၁၁)ရက်၌ ညောင်ရွှေမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို၌ စာပေချစ်သူများ အသင်းဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်
Dec 08,2022
စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို စာပေချစ်သူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့် ရရှိစေရန်ရည်ရွယ်၍ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 08,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ က ပဲခူးမြို့ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဆုရရှိသောအသင်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းအဆင့်မြှင့်တင်တိုးချဲ့ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်
Dec 08,2022
နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းကို ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်တိုးချဲ့ကတ္တရာခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် မူလကတ္တရာလမ်းအကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းကို လမ်းပိုင်းနှစ်နေရာ၌ဆောင်ရွက်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14472
Page
14473
Page
14474
Page
14475
Current page
14476
Page
14477
Page
14478
Page
14479
Page
14480
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department